မြန်မာနိုင်ငံလယ်ယာစီးပွားအများပိုင်ကုမ္ပဏီလီမီတက်(MAPCO)သည် ၂၀၁၈-၂၀၁၉ ခုနှစ် ဒါရိုက်တာအဖွဲ့၏ ရှယ်ယာရှင်များသို့ အစီရင်ခံစာ (Annual Report)တွင် အောက်ပါတို့ကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ထည့်သွင်း အစီရင်ခံခဲ့ပါသည်-
Continue Reading
MAPCO အနေဖြင့် ကမ္ဘာကုလသမဂ္ဂ UN Global Compact အဖွဲ့ဝင်ဖြစ်၍ ၂၀၁၇ မှ စတင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ကုမ္ပဏီလုပ်ငန်းဆောင်ရွက်မှု မူဝါဒများတွင် ထည့်သွင်းအကာင်အထည်ဖော်ရမည့်ဖြစ်ရာ ရုံးလုပ်ငန်းများတွင် တတ်နိုင်သမျှ စာရွက်စာတမ်း (စက္ကူ) အသုံးပြုမှု လျော့ချခြင်း၊ စက်ရုံအလုပ်ရုံများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေး အစီအမံများနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အစီအစဉ်များကို ဦးစားပေးထည့်သွင်းခြင်းဖြင့် MAPCO's Green Initiative - 2020 ကို အကောင်အထည်ဖော်နေပြီဖြစ်ပါသည်။
စက္ကူအသုံးပြုမှု လျှော့ချရေးအစီအစဉ်ကြောင့် Newsletter များ ထုတ်ဝေမှုအပြင် ရုံးလုပ်ငန်းတွင် ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ဘဲ Website တွင်သာ Announcement / News ကဏ္ဍတွင် ထည့်သွင်းထုတ်ပြန် စီစဉ်သွားမည်ဖြစ်ပါသည်။ MAPCO's Green Initiative - 2020 ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်သာမက အသုံးစရိတ်များကိုပါ ချွေတာလျော့ချနိုင်မည်ဖြစ်ပါသည်။
MAPCO ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော MAPCO E & C ကုမ္ပဏီအနေဖြင့် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် စပါးခွံမှ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရေးအတွက် တည်ဆောက်ရေးကန်ထရိုက်တာ အဖြစ် ရွေးချယ်ခံရ၍ အဆိုပါကန်ထရိုက်လုပ်ငန်းကို ဆောင်ရွက်ရန် (၅.၂.၂၀၁၈)ရက်နေ့တွင် BTIT Co.,Ltd နှင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။
Continue Reading
Being a member of UN Global Compact, MAPCO has to incorporate social and environmental priorities into our policies. Program to reduce paper consumption in office works, environmental sustainability practices at our Plants and Workshops and Environmental initiatives will be incorporated at priority as outlined in MAPCO's Green Initiative - 2020.
By reducing paper consumption,newletters will no longer be published and will only be posted in the announcement section on the website at www.mapco.com.mm. MAPCO's Green Initiative - 2020 will not only benefit the environmental conservation but also optimizing the expenditure by reducing expenses.
နေပြည်တော်ဆန်စက်ရှိ YANMAR စပါးခွံမှ လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ထားမှု နှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး (Japan CABINET) မှ ပြည်ထောင်စုဝန်ကြီး HE.Mr.Tadahiko ITO နှင့် မြန်မာနိုင်ငံဂျပန်သံရုံး Counsellor / Head Mr.Kazuyuko TAKIMI နှင့် YANMAR အဖွဲ့မှ လူကြီးများ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Continue Reading
၁။ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) ၏ ရုံးတွင်းပိုင်းစီမံခန့်ခွဲမှုနှင့်ထိန်းကွပ်မှု (Internal Control and Internal Structure) တွင် လည်းကောင်း၊ ဒါရိုက်တာဘုတ် အဖွဲ့ဝင်များ အပါအဝင် အကြီးတန်း ၊ အငယ်တန်း ဝန်ထမ်းအားလုံးသည် လည်းကောင်း၊ နိုင်ငံတကာ နှင့် ပြည်တွင်းတွင် လက်ခံ ကျင့်သုံး နေသော အကျင့်စာရိတ္တပိုင်းဆိုင်ရာစံနှုန်းများနှင့်အညီသိက္ခာ၊ သမာဓိရှိစွာဖြင့် ဖြောင့်မှန်စွာ ပြုမူကျင့်ကြံရန် မူဝါဒချမှတ်ထားပါသည်။ MAPCO ၏ တာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံးသည် မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသောတည်ဆဲဥပဒေများ၊ ကုမ္ပဏီမှ လက်ခံကျင့်သုံးလျက်ရှိပြီး အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နေသော UN Global Compact ဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာရန် တာဝန်ရှိပါသဖြင့် အကြောင်းအရာတွင် ဖော်ပြထားသော ဤမူဝါဒကို သိရှိလိုက်နာနိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်ပါသည်။
Continue Reading