ဝန်ထမ်းများခေါ်ယူလိုခြင်း
မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်(MAPCO)၏ လှိုင်သာယာ Rice Milling စက်ရုံတွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အလိုရှိပါသည်-
၁။ Dy-Executive Officer (ဒု-စက်ရုံမှူးး) (၁) ဦး
၂။ Finance Manager (၁) ဦး
၃။ Admin Manager (၁) ဦး
၄။ Accountant (၁) ဦး
၅။ Assistant QC (၁) ဦး
၆။ Operator (၄) ဦး
အမှတ်စဉ် (၁) အတွက် AGTI, B-Tech, B.E ဘွဲ့ရရှိသူဖြစ်ရပါမည်။ ဆန်စပါးကြိတ်ခွဲသန့်စင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း လုပ်ငန်းအတွေ့အကြုံရှိသူများဖြစ်ပါက ဦးစားပေးမည်ဖြစ်သည်။
အမှတ်စဉ်(၂)အတွက် ငွေစာရင်းဆိုင်ရာ ဒီပလိုမာ (သို့) အသိအမှတ်ပြုလက်မှတ်ရရှိသူဖြစ်ပြီး အမှတ်စဉ်(၃)အတွက် တက္ကသိုလ်တစ်ခုမှ အသိအမှတ်ပြုဘွဲ့ရ (သို့) သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရပါမည်။
အမှတ်စဉ်(၅)အတွက် တက္ကသိုလ်ဝင်တန်းအောင် (သို့) သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရပါမည်။ ဆန်စပါးအရည်အသွေး ထိန်းသိမ်းစစ်ဆေးခြင်း လုပ်ငန်းအတွေ့အကြုံရှိသူများဖြစ်ပါက ဦးစားပေးမည်ဖြစ်သည်။
အမှတ်စဉ်(၆)အတွက် တက္ကသိုလ်ဝင်တန်းအောင် (သို့) သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ရပါမည်။ ဆန်စက်လည်ပတ်ခြင်းနှင့် ပြင်ထိန်းလုပ်ငန်းစိတ်ဝင်စားမှုရှိပြီး လုပ်ငန်းအတွေ့အကြုံရှိသူများ ဖြစ်ပါက ဦးစားပေးမည်ဖြစ်သည်။
အမှတ်စဉ်(၅) နှင့် (၆) မှ အပ ကျန် Position များ အားလုံးအတွက် လုပ်ငန်းအတွေ့အကြုံအနည်းဆုံး(၃)နှစ် ရှိရမည်ဖြစ်ပါသည်။ Position အားလုံးအတွက် အသက်(၄၅)နှစ်အောက် ရှိရမည်ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံအပေါ် မူတည်၍ အသက်ကန့်သတ်ချက်ကို လျော့ပေါ့စဉ်းစားပေးမည်ဖြစ်သည်။ အင်္ဂလိပ်စာ/ကွန်ပြူတာ အသင့်အတင့် ကျွမ်းကျင်သူဖြစ်ပါက ဦးစားပေးမည်ဖြစ်သည်။
လျှောက်ထားလိုသူများသည် ဓါတ်ပုံပါရှိသော ကိုယ်ရေးရာဇဝင်၊ ပညာအရည်အချင်းနှင့် ပတ်သက်သော အထောက်အထား လက်မှတ်မိတ္တူ၊ ၊ သက်ဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်သော သင်တန်းဆင်းလက်မှတ်မိတ္တူ (သို့) လုပ်ငန်းအတွေ့အကြုံထောက်ခံချက်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ၊ သန်းခေါင်စာရင်း မိတ္တူ ၊ ရပ်ကွက်အတွင်းနေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာတို့ကို ပူးတွဲဖော်ပြ၍ ကုမ္ပဏီတည်ရှိရာ အမှတ်(၁၀၀)၊ ဝါးတန်းလမ်းနှင့် ကမ်းနားလမ့်ထောင့်၊ ကွန်ကရစ်အမြန်လမ်းမကြီးဘေး၊ လမ်းမတော်မြို့နယ်သို့ (၃၁.၈.၂၀၂၀) နောက်ဆုံးထား၍ လူကိုယ်တိုင် (သို့မဟုတ်) This email address is being protected from spambots. You need JavaScript enabled to view it. သို့ E-mail ဖြင့် ပေးပို့လျှောက်ထားရန် ဖြစ်ပါသည်။