တစ်နှစ်လျှင် တန်ချိန်တစ်သိန်းထုတ်လုပ်မည့် ဓာတ်မြေသြဇာစက်ရုံကို သီလဝါအထူးစီးပွားရေးဇုန်တွင် မတ်လအတွင်းဖွင့်လှစ်မည်

 ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ တို့နှင့် ပူးပေါင်း တည်ဆောက်ထားသော Agri First ကုမ္ပဏီက တစ်နှစ်လျှင် တန်ချိန်တစ်သိန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည့် ဓာတ်မြေသြဇာစက်ရုံကို လာမည့် မတ်လအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) သတင်းများအရ သိရသည်။

  အဆိုပါ ဓာတ်မြေသြဇာစက်ရုံကို MAPCO ကုမ္ပဏီက ၄၀ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံ Behn Meyer ကုမ္ပဏီက ၃၀ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ MITSUI ကုမ္ပဏီက ၃၀ရာခိုင်နှုန်း ထည့်သွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုနှစ် မတ်လအတွင်း စတင်ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

 " ကျွန်တော်တို့ စိုက်ပျိုးရေးအတွက် လိုအပ်နေတဲ့ ဓာတ်မြေသြဇာထုတ်လုပ်ဖို့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကနေ စတင်စာချုပ်ချုပ်ပြီး သီလဝါအထူးစီးပွားရေးဇုန်မှာ စက်ရုံစတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ ဒီစက်ရုံလဲ မကြာခင်ပြီးစီးတော့မှာဖြစ်တဲ့အတွက် ဒီနှစ်မတ်လမှာ ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီစက်ရုံကနေ နှစ်စဉ်ဓာတ်မြေသြဇာတန်ချိန် တစ်သိန်း ကို ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် ၏ အလုပ်အမှုဆောင် ဒါရိုက်တာ ဦးတင်မောင်လှိုင်က ပြောပြသည်။ အဆိုပါစက်ရုံတွင် ဂျာမနီနည်းပညာဖြင့် မလေးရှားနိုင်ငံတွင် ထုတ်လုပ်ထားသည့် ရွှေအိုးစည် အမှတ်တံဆိပ် ၊ ကူဂျာကူ အမှတ်တံဆိပ် စသည့် ဓာတ်မြေသြဇာများ ကို တင်သွင်းပြီး ပေါင်းစပ်ပြုပြင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 လက်ရှိ သီလဝါတွင် တည်ဆောက်နေသည့် ဓာတ်မြေသြဇာစက်ရုံသည် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး စက်ရုံတည်ဆောက်နေဆဲ ကာလတွင် ဂျာမနီနည်းပညာဖြင့် မလေးရှားနိုင်ငံတွင် ထုတ်လုပ်ထားသည့် အရည်အသွေးမြင့် မြေသြဇာများကို တင်သွင်းဖြန့်ဖြူးပေးလျက်ရှိပြီး Agri First ကုမ္ပဏီက မြန်မာနိုင်ငံတွင် လိုအပ်နေသည့် ဓာတ်မြေသြဇာ နှင့် စိုက်ပျိုးရေးဆေး များကိုပါ ပြည်ပနိုင်ငံများက တင်သွင်းဖြန့်ချိပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်(MAPCO) မှ သိရသည်။

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010