နေပြည်တော်တွင် မြန်မာ-ဂျပန် ပူးပေါင်းမှုဖြင့် တည်ဆောက်လျက်ရှိသော စပါးခွံမှ လျှပ်စစ်ဓာတ်အားထုတ်ယူရေးစက်ရုံ မေလအပြီးဆောင်ရွက်မည်

   နေပြည်တော်တွင် မြန်မာ-ဂျပန် ပူးပေါင်းမှုဖြင့် MAPCO ၊ ဂျပန်ကုမ္ပဏီများ တည်ဆောက်လျက်ရှိသော စပါးခွံမှ လျှပ်စစ်ဓာတ်အားထုတ်ယူရေးစက်ရုံကို ၂၀၁၇ခုနှစ် မေလအပြီးဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) မှ သိရသည်။

    အဆိုပါစပါးခွံမှ လျှပ်စစ်ထုတ်ယူရေးစက်ရုံအပြင် စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရရှိရန် MAPCO အနေဖြင့် ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူတို့၏ ကူညီပံ့ပိုးမှု၊ ဂျပန်နိုင်ငံ YANMAR ကုမ္ပဏီတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် MAPCO ၏ နေပြည်တော်အဆင့်မြင့်ဆန်စက်တွင် စပါးခွံမှ လျှပ်စစ်ဓာတ်အားကို ဂျပန်နည်းပညာ (4th Generation-Waste to Energy Technology)အဖြစ် ထုတ်လုပ်မည့် စီမံကိန်းစတင်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လာမည့် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

    MAPCO အနေဖြင့် နေပြည်တော်အဆင့်မြင့်ဆန်စက်များအပါအဝင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်တွင် တည်ဆောက်ခဲ့သည့် IRCP သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ထိပ်တန်း ဆန်စက်လုပ်ငန်းစု အစုအဝေးတစ်ခုဖြစ်လာမည်ဖြစ်ပြိး တစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၆၀၀၀၀ ခန့်တင်ပို့၍ ပြည်တွင်းစားသုံးရန် အဆင့်မြင့်ပေါ်ဆန်းနှင့် တန်းမြင့် ဆန်တန်ချိန် ၁၅၀၀၀ ခန့် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။

   စီမံကိန်း Phase-1 ကို ၂၀၁၇ခုနှစ် မတ် ၂ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ စပါးခွံလောင်စာသုံး၍ ဘွိုင်လာမှ ၄၅၀ ဒီဂရီစင်တီဂရိတ်ရှိသော ဖိအားမြှင့်ရေနွေးငွေ့ထုတ်လွှတ်ပြီး တာဘိုင်ကို လည်ပတ်စေကာ 440 V 2.2 MW လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆန်စပါးလုပ်ငန်းတွင် ပထမဆုံး နှင့် အကြီးဆုံး စပါးခွံသုံး လျှပ်စစ်ထုတ်လုပ်စက်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ Lucky Export ကုမ္ပဏီမှ မှာယူတင်သွင်းခဲ့ပြီး ရာခိုင်နှုန်း ၉၀ မှာ တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။

Source - Daily Eleven (11.1.2017)

    

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010