သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာအဆင့်မီ ဓာတ်မြေသြဇာစက်ရုံကို လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီး ပြည်တွင်းသို့ စတင် ဖြန့်ဖြူးရောင်းချမည်

  သီလဝါ အထူးစီးပွားရေးဇုန်တွင် AFC အမည်ဖြင့် နိုင်ငံတကာ အဆင့်မီ ဓာတ်မြေသြဇာ စက်ရုံကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီး ပြည်တွင်းသို့ စတင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည် ဖြစ်ကြောင်း သိရသည်။

   ပြည်တွင်းဓာတ်မြေသြဇာထုတ်လုပ်မှု လိုအပ်ချက်ဖြည့်ဆည်းရန်နှင့် သွင်းကုန်အစားထိုးပြည်တွင်းထုတ်လုပ်မှုတိုးစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ MAPCO ၊ ဂျပန်နိုင်ငံမှ MITSUI ကုမ္ပဏီ နှင့် ပင်ရင်း ဂျာမနီနိုင်ငံဖြစ်ပြီး ဒေသတွင်းတွင် မလေးရှားနိုင်ငံ၌ အခြေစိုက်သော BEHN MAYER ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းေ ဆာင်ရွက်မည့် နိုင်ငံတကာအဆင့်မီ ဓာတ်မြေသြဇာထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို AFC အမည်ဖြင့် သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၇ ခုနှစ်တွင် တည်ထောင် ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) ၏ နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။

  အဆိုပါ နိုင်ငံတကာအဆင့်မီ ဓာတ်မြေသြဇာထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်ရန် ရင်းနှီးမြုပ်နှံသဘောတူစာချုပ်ကို ၂၀၁၆ခုနှစ် ဧပြီ ၇ ရက် က လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံးရင်းနှီးမြုပ်နှံဆောင်ရွက်သည့် FDI for Import Substitution ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ကာ ပြည်တွင်း၌ စတင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်မည်ဟု သိရသည်။ မြန်မာနိုင်ငံ၏စီးပွားရေးသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးြ ဖစ်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံအထွက်ကောင်းရန် သွင်းအားစုဖြစ်သည့် အရည်အသွေးမြင့် မြေသြဇာများ၊ စိုက်ပျိုးရေးဆေးဝါးများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို လုပ်ဆောင်ခြင်းတို့ဖြင့်  လယ်ယာစီးပွားဖွံဖြိုး တိုးတက်မုှုဖြစ်စေရန် ရည်ရွယ်၍ MAPCO တွင် Fertilizer and Agrochemicals Business Unit ကိုလည်း ဖွဲ့စည်းထားပြီး လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။

  ထို့ပြင် နေပြည်တော်တွင် MAPCO အရောင်းပြခန်းတွင် စိုက်ပျိုးရေးသုံးဆေးပစ္စည်းများနှင့် ဓာတ်မြေသြဇာတို့ကို ရောင်းချပေးနေပြီး ၂၀၁၇နှစ်ဆန်းပိုင်းတွင် ဘုရင့်နောင်ဈေးကွက်၌ MAPCO မှ ဓာတ်မြေသြဇာအရောင်းဆိုင်ဖွင့်လှစ်မည် ဖြစ်ကြောင်း နှင့် ဓာတ်မြေသြဇာအရောင်းဆိုင်များကို ရောင်းအားကောင်းသည့် မြို့များတွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

Source - စာမျက်နှာ ၆ ၊ Daily Eleven (၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၅ ရက်)

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010